မြန်မာဓါတ်ပုံဆရာများရဲ့လက်ရာဟာ နိုင်ငံတကာအဆင့်မီကြောင်းကို မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံတကာဆုတွေရရှိခဲ့ကြတဲ့ ဓါတ်ပုံဆရာကြီးများ ဓါတ်ပုံဆရာလေးများက သက်သေပြသခဲ့ပြီးဖြစ်ပါတယ်
အခုဒီ photographic enthusiasts group forum ကတော့ ဓါတ်ပုံဝါသနာရှင် ညီငယ်ညီမငယ် များအတွက် ၀ါရင့်ဓါတ်ပုံဆရာကြီးများရဲ့ အဆုံးအမ ပညာ စတာတွေ ရနိုင်သလောက် ပေးနိုင်သလောက် မျှဝေပေးနိုင်ကြဖို့အတွက် ရည်ရွယ်တာပါ။
တစ်ချိန်ထဲမှာဘဲ နိုင်ငံတကာမှာ ဓါတ်ပုံဝါသနာရှင်တွေ ဓါတ်ပုံပညာရှင်တွေ ဘယ်လိုလှုပ်ရှားနေကြတယ် သူတို့ရဲ့လက်ရာတွေကတော့ ဘယ်လိုစသည်ဖြင့် လေ့လာနိုင်ကြဖို့အတွက်လဲ ရည်ရွယ်ပါတယ်။
ဆရာကြီးများရော၊ ဆရာငယ်များရော အခုမှစကြတဲ့ ဓါတ်ပုံဝါသနာရှင်ညီငယ် ညီမငယ် များရော အခု photographic enthusiasts group forum ပေါ်ကနေ အကျိုးများရရှိနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျား
အားလုံးပျော်ရွှင်နိုင်ကြပါစေ







